တစ်ခါတုန်းက
တရုတ်ပြည်မှာ ဂျုံစိုက်တဲ့ လယ်သမားတစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့
ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်။ အဲဒီအခါမှာ
လယ်သမားက တန်ခိုးရှင်ကို အပြစ်တင်တယ်။
“ခင်ဗျားတို့ ,,
တန်ခိုးရှင်ဟာ တန်ခိုးတော့ ရှိချင်ရှိမယ်။ ဂျုံတော့မစိုက်တတ်ဘူးထင်တယ်။
တကယ်လို့များ ခင်ဗျားရဲ့ တန်ခိုးနဲ့ ကျုပ်ရဲ့ဂျုံစိုက်တဲ့အလုပ်ကို
ကူညီမယ်ဆိုရင် အများကြီး အကျိုးရှိမယ်” လို့ပြောလိုက်တယ်။
အဲဒီအခါမှာ
တန်ခိုးရှင်က
“ကူညီပါ့မယ်၊ ဘာတွေကူညီရမလဲ” လို့ မေးတယ်။ အဲဒီတော့ လယ်သမားက
တန်ခိုးရှင်ကို သူ့ဘေး ဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ်လုံးခေါ်ထားတယ်။
မိုးလေး နည်းနည်းရွာတာနဲ့
“ကဲ၊ တန်ခိုးရှင်၊ မိုးရွာရင် ဂျုံခင်းတွေပျက်ကုန်မယ်။
မရွာအောင်လုပ်လိုက်”လို့ခိုင်း
တယ်။
တန်ခိုးရှင်ကလည်း လုပ်ပေးတယ်။လေတွေတိုက်လာရင်လည်း “ဂျုံပင်တွေ
တအားလှုပ်ရမ်းကုန်မယ်၊ လေမတိုက်အောင်လုပ်ပေးပါ” လို့ ပြောပြန်တယ်။
တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကို တားပစ်လိုက်တယ်။မိုးကြိုးတွေပစ် ရင်လည်း “အဲဒီအသံဟာ အသီးတွေကို ဆုတ်ယုတ်စေတယ်”
ဆိုပြီး တားခိုင်းတယ်။နေသိပ်ပူလာရင်လည်း
“ဂျုံပင်တွေညှိုးကုန်မယ်” ဆိုပြီး မိုးအုံ့ခိုင်းတယ်။ ရေလိုတဲ့အခါမှာတော့
ရေရအောင်လုပ်ခိုင်းတယ်။ဂျုံခင်း ထဲကို စာကလေးတွေ လာတဲ့အခါမှာလည်း
မလာအောင်လုပ်ခိုင်းတယ်။ တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်။
အဲဒီတော့ ဂျုံပင်တွေဟာ
အတော့်ကို ဖြစ်ထွန်းတယ်။ အပင်ကြီးတွေလည်း အမြင့်ကြီး တက်တယ်။ အဲဒီအခါမှာ
လယ်သမားက တန်ခိုးရှင်ကို “ကဲ၊ မြင်ပြီမလား၊ ကျုပ်ရဲ့ဂျုံခင်းကြီးကို
ခင်ဗျားရဲ့တန်ခိုးနဲ့ ရာသီဥတု အနှောင့်အယှက်တွေ ကင်းအောင်
လုပ်လိုက်တဲ့အခါမှာ အပင်ကြီးတွေ ဘယ်လောက်ဖွံ့ဖြိုးသလဲ” လို့အားရ၀မ်းသာ
ပြောရှာတယ်။
ဒါပေမယ့်
တကယ်ရိတ်သိမ်းတဲ့အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး။
ဟောင်းလောင်းကြီးဖြစ်နေတယ်။ ဂျုံဆိုလို့ လုံးဝကို မရတော့ဘူး။ အဲဒီအခါမှာ
လယ်သမားက တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ “ဘယ်လိုဖြစ်တာလဲ”လို့မေးတယ်။
အဲဒီတော့ တန်ခိုးရှင်က
“ဒီလို
ငါ့လူရဲ့၊ မိုးတွေတအားရွာတာတို့၊
လေတွေတအားတိုက်တာတို့၊ နေတွေပူတာတို့၊ မိုးကြိုးပစ်တာတို့၊
မိုးချိမ်းတာတို့၊ စာကလေးတွေ လာစားတာတို့ဟာ ဗြုန်းကနဲကြည့်လိုက်ရင်
ဂျုံခင်းကို အနှောင့်အယှက်ပေးတယ်လို့ ထင်ရမှာပဲ၊ ဒါပေမဲ့ တကယ်က
နှောင့်ယှက်တာ မဟုတ်ဘူး။ ချဲလင့် (Challenge) လုပ်တာ၊ စိန်ခေါ်တာ၊
အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေဟာ မြေကြီးထဲက သြဇာဓာတ်တွေကို
ဂျုံစေ့ထဲ ရောက်အောင် လုပ်ပေးနေတာ၊ ဂျုံပင်တွေဟာ အဲဒီစိန်ခေါ်မှု၊
ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံတွေ ပြည့်ဝစေရတာ၊ အဲဒီချဲလင့်
(Challenge)ကို အံတုရတာကိုက ဂျုံပင်ရဲ့အလုပ်လေ။ အဲဒီအံတုမှုတွေမရှိဘဲ
ငြိမ်ငြိမ်ကလေးနေလိုက်တဲ့အခါမှာ သူဟာ လေဖြတ်တဲ့ လူတစ်ယောက်လိုဖြစ်သွားတာ၊
အားကုန်သွားတာ၊ ခွန်အားတွေ ယုတ်လျော့သွားတာ၊ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေ
မပါတော့တာ။
လောကကြီးမှာ အဖြူနဲ့အမည်းရယ်လို့ ရှိတယ်ဆိုပါစို့၊
အဖြူဟာ ကောင်းတယ်၊ အမည်းဟာ မကောင်းဘူးလို့ဆိုကြပါစို့ရဲ့။ မြေဖြူခဲနဲ့
စာရေးရမယ့်ကိစ္စမျိုးမှာ သင်ပုန်းအမည်းမှ ဖြစ်မယ်နော်၊ နံရံအဖြူမှာ
မြေဖြူခဲနဲ့ ရေးလို့မရဘူး၊ စာလည်းထင်မှာမဟုတ်ဘူး။ မြေဖြူခဲ အဖြူတောင့်ကို
သင်ပုန်းအမည်းက ချဲလင့်လုပ်နေတာ၊ ဒါကြောင့်စာတွေထင်နေတာ၊
သူ့လိုပဲလိုက်ပြီးဖြူလိုက်တဲ့ နံရံအဖြူဟာ ချဲလင့်မရှိဘူးလေ။
ဒါကြောင့်ဘာမှမထင်ဘူး” လို့ပြောပြီး တန်ခိုးရှင်က လယ်သမားကို နှုတ်ဆက်ပြီး
ထွက်သွားတယ်။
ကျွန်တော်တို့ရဲ့ဘဝကလည်းတိုက်ခိုက်မူတွေရှိနေမှပိုပြီးတိုးတက် လာတယ်၊
ဒုက္ခတွေကြုံလာရင်ကြောက်လန့်မေ နပဲနောက်တစ်ဆင့်ကိုတက်လှမ်းနို င်တဲ့
လှေခါးအဖြစ်အသုံးပြုလိုက်ကြပါ။ ဘာပဲဖြစ်ဖြစ်အောင်မြင်ရမယ်။
သူငယ်ချင်းတို့ရယ်....ပုံပြင်ေ လးနားထောင်ရင်း
ကိုယ်ပေါ်ကြရောက်တဲ့ လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့
စိတ်ထားလေးတွေမွေးရင်း......... ......
တရုတ်ပြည်မှာ ဂျုံစိုက်တဲ့ လယ်သမားတစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့
ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်။ အဲဒီအခါမှာ
လယ်သမားက တန်ခိုးရှင်ကို အပြစ်တင်တယ်။
“ခင်ဗျားတို့ ,,
တန်ခိုးရှင်ဟာ တန်ခိုးတော့ ရှိချင်ရှိမယ်။ ဂျုံတော့မစိုက်တတ်ဘူးထင်တယ်။
တကယ်လို့များ ခင်ဗျားရဲ့ တန်ခိုးနဲ့ ကျုပ်ရဲ့ဂျုံစိုက်တဲ့အလုပ်ကို
ကူညီမယ်ဆိုရင် အများကြီး အကျိုးရှိမယ်” လို့ပြောလိုက်တယ်။
အဲဒီအခါမှာ
တန်ခိုးရှင်က
“ကူညီပါ့မယ်၊ ဘာတွေကူညီရမလဲ” လို့ မေးတယ်။ အဲဒီတော့ လယ်သမားက
တန်ခိုးရှင်ကို သူ့ဘေး ဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ်လုံးခေါ်ထားတယ်။
မိုးလေး နည်းနည်းရွာတာနဲ့
“ကဲ၊ တန်ခိုးရှင်၊ မိုးရွာရင် ဂျုံခင်းတွေပျက်ကုန်မယ်။
မရွာအောင်လုပ်လိုက်”လို့ခိုင်း
တယ်။
တန်ခိုးရှင်ကလည်း လုပ်ပေးတယ်။လေတွေတိုက်လာရင်လည်း “ဂျုံပင်တွေ
တအားလှုပ်ရမ်းကုန်မယ်၊ လေမတိုက်အောင်လုပ်ပေးပါ” လို့ ပြောပြန်တယ်။
တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကို တားပစ်လိုက်တယ်။မိုးကြိုးတွေပစ်
ဆိုပြီး တားခိုင်းတယ်။နေသိပ်ပူလာရင်လည်း
“ဂျုံပင်တွေညှိုးကုန်မယ်” ဆိုပြီး မိုးအုံ့ခိုင်းတယ်။ ရေလိုတဲ့အခါမှာတော့
ရေရအောင်လုပ်ခိုင်းတယ်။ဂျုံခင်း
မလာအောင်လုပ်ခိုင်းတယ်။ တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်။
အဲဒီတော့ ဂျုံပင်တွေဟာ
အတော့်ကို ဖြစ်ထွန်းတယ်။ အပင်ကြီးတွေလည်း အမြင့်ကြီး တက်တယ်။ အဲဒီအခါမှာ
လယ်သမားက တန်ခိုးရှင်ကို “ကဲ၊ မြင်ပြီမလား၊ ကျုပ်ရဲ့ဂျုံခင်းကြီးကို
ခင်ဗျားရဲ့တန်ခိုးနဲ့ ရာသီဥတု အနှောင့်အယှက်တွေ ကင်းအောင်
လုပ်လိုက်တဲ့အခါမှာ အပင်ကြီးတွေ ဘယ်လောက်ဖွံ့ဖြိုးသလဲ” လို့အားရ၀မ်းသာ
ပြောရှာတယ်။
ဒါပေမယ့်
တကယ်ရိတ်သိမ်းတဲ့အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး။
ဟောင်းလောင်းကြီးဖြစ်နေတယ်။ ဂျုံဆိုလို့ လုံးဝကို မရတော့ဘူး။ အဲဒီအခါမှာ
လယ်သမားက တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ “ဘယ်လိုဖြစ်တာလဲ”လို့မေးတယ်။
အဲဒီတော့ တန်ခိုးရှင်က
“ဒီလို
ငါ့လူရဲ့၊ မိုးတွေတအားရွာတာတို့၊
လေတွေတအားတိုက်တာတို့၊ နေတွေပူတာတို့၊ မိုးကြိုးပစ်တာတို့၊
မိုးချိမ်းတာတို့၊ စာကလေးတွေ လာစားတာတို့ဟာ ဗြုန်းကနဲကြည့်လိုက်ရင်
ဂျုံခင်းကို အနှောင့်အယှက်ပေးတယ်လို့ ထင်ရမှာပဲ၊ ဒါပေမဲ့ တကယ်က
နှောင့်ယှက်တာ မဟုတ်ဘူး။ ချဲလင့် (Challenge) လုပ်တာ၊ စိန်ခေါ်တာ၊
အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေဟာ မြေကြီးထဲက သြဇာဓာတ်တွေကို
ဂျုံစေ့ထဲ ရောက်အောင် လုပ်ပေးနေတာ၊ ဂျုံပင်တွေဟာ အဲဒီစိန်ခေါ်မှု၊
ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံတွေ ပြည့်ဝစေရတာ၊ အဲဒီချဲလင့်
(Challenge)ကို အံတုရတာကိုက ဂျုံပင်ရဲ့အလုပ်လေ။ အဲဒီအံတုမှုတွေမရှိဘဲ
ငြိမ်ငြိမ်ကလေးနေလိုက်တဲ့အခါမှာ သူဟာ လေဖြတ်တဲ့ လူတစ်ယောက်လိုဖြစ်သွားတာ၊
အားကုန်သွားတာ၊ ခွန်အားတွေ ယုတ်လျော့သွားတာ၊ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေ
မပါတော့တာ။
လောကကြီးမှာ အဖြူနဲ့အမည်းရယ်လို့ ရှိတယ်ဆိုပါစို့၊
အဖြူဟာ ကောင်းတယ်၊ အမည်းဟာ မကောင်းဘူးလို့ဆိုကြပါစို့ရဲ့။ မြေဖြူခဲနဲ့
စာရေးရမယ့်ကိစ္စမျိုးမှာ သင်ပုန်းအမည်းမှ ဖြစ်မယ်နော်၊ နံရံအဖြူမှာ
မြေဖြူခဲနဲ့ ရေးလို့မရဘူး၊ စာလည်းထင်မှာမဟုတ်ဘူး။ မြေဖြူခဲ အဖြူတောင့်ကို
သင်ပုန်းအမည်းက ချဲလင့်လုပ်နေတာ၊ ဒါကြောင့်စာတွေထင်နေတာ၊
သူ့လိုပဲလိုက်ပြီးဖြူလိုက်တဲ့ နံရံအဖြူဟာ ချဲလင့်မရှိဘူးလေ။
ဒါကြောင့်ဘာမှမထင်ဘူး” လို့ပြောပြီး တန်ခိုးရှင်က လယ်သမားကို နှုတ်ဆက်ပြီး
ထွက်သွားတယ်။
ကျွန်တော်တို့ရဲ့ဘဝကလည်းတိုက်ခိ
ဒုက္ခတွေကြုံလာရင်ကြောက်လန့်မေ
လှေခါးအဖြစ်အသုံးပြုလိုက်ကြပါ။
သူငယ်ချင်းတို့ရယ်....ပုံပြင်ေ
ကိုယ်ပေါ်ကြရောက်တဲ့ လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့
စိတ်ထားလေးတွေမွေးရင်း.........
No comments:
Post a Comment