Friday 9 November 2012

အိန္ဒိယနိုင်ငံ၊ သာဝတ္တိရှိ အာနာန္ဒာဗောဓိပင်သမိုင်း

တချိန်က မြတ်စွာဘုရား သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ ကိန်းအောင်းမွေ့လျော် သီတင်းသုံးတော်မူစဉ်တုန်းက၊ အမှန်တော့ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းဆိုတာ မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။
သာဝတ္ထိမြို့ဟာလည်း မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။

ဇေတဝန်ကျောင်းတော်ကြီးရဲ့ ဒကာ အများကြားဖူးတဲ့ အနာထပိဏ်သူဌေးကြီး၊ အဲဒီ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်တုန်းက၊ သီတင်းသုံးတယ်ဆိုပေမယ့် မြတ်စွာဘုရားဟာ ဘယ်ကျောင်းမှာမှ အမြဲ မနေနိုင်ပါဘူး။
သတ္တဝါများအတွက် တရားဟောဖို့ ဒေသစာရီ ကြွချီပြီးတော့ သွားနေရစမြဲပါ။
အေးအေးချမ်းချမ်း အေးအေးဆေးဆေး ကျောင်းမှာထိုင်ပြီး သီတင်းသုံးနေတယ်ဆိုတာ အင်မတန်မှ နည်းပါတယ်။

ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးသော်လည်းပဲ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါများ နေ့တိုင်းနေ့တိုင်း ဉာဏ်မျက်စိမှာ ဖြန့်ကြည့်ပြီးတော့ ဉာဏ်ထဲမှာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်များ၊ ဘုရားရဲ့ ကျေးဇူးပြုခံထိုက်တဲ့ ပုဂ္ဂိုလ်များ ပေါ်လာတယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ တယောက်တည်းဖြစ်ပါစေ ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ကြွရောက်ပြီးတော့ တရားဟောရတယ်။ တခါတရံလည်း နေ့ချင်းပြန်ပေါ့။ တခါတရံလည်း ရက်ရှည် ခရီးကြွနေရတာပဲ။

အဲဒီလို မြတ်စွာဘုရား သတ္တဝါများအတွက် တရားဟောဖို့ ခရီးဒေသစာရီ ကြွချီတဲ့အခါ မြို့ထဲမှာ ရှိတဲ့ ဒကာ ဒကာမတွေကတော့ နေ့တိုင်းနေ့တိုင်း ကျောင်းသို့ လာနေကျပါ။
ဘုရားရှိလည်း လာတာပဲ။ ဘုရားမရှိလည်း လာကြတာပဲ။
မနက်ပိုင်းလာလည်း မနက်ပိုင်း လှူဖွယ်တန်းဖွယ်တွေနဲ့။
နေ့လည်ပိုင်းလာလည်း နေ့လည်ပိုင်းအလျောက် လှူဒါန်းဖွယ်တွေနဲ့။
ညနေပိုင်းရောက်တော့လည်း ပန်းတို့ ဆီမီးတို့ စတဲ့ လှူဖွယ်တန်းဖွယ်တွေနဲ့ ကျောင်းလာကြတယ်။

အထူးအားဖြင့် မြတ်စွာဘုရားအား ပူဇော်ဖို့ ဖူးဖို့ဆိုပြီးတော့ ပန်းစသည် ယူပြီးတော့ ဒကာ ဒကာမတွေ ဇေတဝန်ကျောင်းလာကြတော့ မြတ်စွာဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံကြိုက်တဲ့အခါမှာ ဘုရားနှင့် မတွေ့ကြရဘူး။
သူတို့ ရည်ရွယ်ချက်က ဘုရားပူဇော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ပန်းစသည် လှူဒါန်းဖွယ်မျိုးစုံ ယူလာကြတယ်။ လှူဖို့ ယူလာကြတယ်။

ကျောင်းရောက်တော့ ဘုရားနဲ့ မတွေ့တော့ စိတ်ထဲမှာ ဟာခနဲ ဖြစ်သွားကြတယ်။
စိတ်ထဲမှာ ဟာခနဲဖြစ်တော့ ဘုရားကို ပူဇော်ဖို့ ယူခဲ့တာ ဘုရားနှင့်က မတွေ့၊ ဘုရားကိုယ်စား ဘယ်အနား သွားပူဇော်ရမယ်လို့လည်း အသိတရားက မရှိသေး။
ဒီလိုဆိုတော့ ယူလာခဲ့တဲ့ ပန်းစတဲ့ လှူတန်းဖွယ်တွေကို မြတ်စွာဘုရား သီတင်းသုံးတဲ့ ဂန္ဓာကုဋိကျောင်းတံခါးဝနား စွန့်ထားခဲ့ပြီးတော့ အားငယ်တဲ့စိတ်ကလေးတွေနဲ့ အိမ်ပြန်,ပြန်သွားကြရတယ်။
တစ်ခါ မဟုတ်ဘူး၊ နှစ်ခါ မဟုတ်ဘူး။ အကြိမ်ကြိမ်ပဲ အဲဒီလို ဖြစ်ကြတယ်။
ဘုရားကလည်း ကျောင်းမှာ အမြဲတမ်း သီတင်းသုံးနေနိုင်တာ မဟုတ်ဘူး။ ဒေသစာရီ ကြွချီရတာက အများကြီး။

အဲဒီလို ဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံရတဲ့အခါများမှာ ဘုရားဖူးလာတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရားနှင့် မတွေ့ကြရတော့ အားငယ်ကြတယ်တဲ့။
ဆောက်တည်ရာ မရှိသလိုလို ကိုးကွယ်ရာ မရှိသလိုလို အဲလို ဖြစ်ကြတယ်။
လှူဖို့တန်းဖို့ ယူခဲ့ကြတဲ့ ပန်းစတဲ့ လှူဒါန်းဖွယ်များကိုလည်းပဲ ပူဇော်စရာ နေရာက မသိသေးတော့ ဂန္ဓကုဋိကျောင်းတံခါးဝ စသည်မှာ ပစ်ထားခဲ့ကြတယ် တဲ့။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်လာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတယ်။
ဘုရားကြွသွားရင် အရှင်အာနန္ဒာလည်း လိုက်သွားရသဖြင့် ဘုရားပြန်ကြွလာရင် အရှင်အာနန္ဒာလည်း ပါလာစမြဲ။

ဒီတော့ ဒကာ ဒကာမတွေက ဒီအကြောင်းကို ပဓာနကျောင်းဒကာကြီးဖြစ်တဲ့ အနာထပိဏ်သူဌေးကြီးကို ပြောကြတာပေါ့။
မြတ်စွာဘုရားဖူးဖို့ မြတ်စွာဘုရားထံ လှူဖို့တန်းဖို့ ပူဇော်ဖို့ သွားတဲ့အခါ ဘုရားနဲ့ မတွေ့ရလို့ အားငယ်တဲ့အကြောင်း၊ ပူဇော်စရာ မတွေ့လို့ ပန်းစသည်ကို ဂန္ဓကုဋိကျောင်းတံခါးမှာ စွန့်ပစ်ထားခဲ့ရတဲ့အကြောင်း၊ ဒါကြောင့် တကယ်လို့များ ဘုရားရှင် ဒေသစာရီ ကြွချီတဲ့အခါမှာ ဘုရားအား ပူဇော်စရာ ဘုရားကိုယ်စား ပူဇော်စရာလေးများ ရှိရင် ကောင်းမှာ၊ မြတ်စွာဘုရားအား လျှောက်ပေးပါဦးလို့ လူတွေက ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးကို ပူဆာကြ ပြောကြတယ်။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်ကြွလာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတော့ အရှင်အာနန္ဒာထံ သွားပြီးတော့ အနာထပိဏ်သူဌေးကြီးက လျှောက်တယ်။
အရှင်ဘုရား .. မြတ်စွာဘုရားက ဇေတဝန်ကျောင်း သီတင်းသုံးတယ်ဆိုပေမယ့် အမြဲတမ်း သီတင်းသုံးနိုင်တာ မဟုတ်တော့ သတ္တဝါများအတွက် တရားဟောဖို့ သွားရတယ်ဆိုတော့၊ မြတ်စွာဘုရား ဒေသစာရီ ကြွချီတဲ့အခါ ဟောဒီ ဇေတဝန်ကျောင်းထဲမှာ ဘုရားဆိတ်သုဉ်းသလိုပဲ ဖြစ်နေပါတယ်ဘုရား။ ဘုရားဖူးဖို့ လှူဖို့ တန်းဖို့ လာတဲ့ ပုဂ္ဂိုလ်များ ဘုရားနဲ့ မတွေ့တော့ အားငယ်ကြတယ် ဘုရား။ ဘုရားကိုယ်စား ကိုးကွယ်စရာကလည်း မရှိတော့ လှူဖို့ တန်းဖို့ ယူခဲ့တဲ့ ဥစ္စာတွေကို ဂန္ဓကုဋိကျောင်းတိုက်တံခါးနားမှာ ဒီအတိုင်းပဲ ချထားခဲ့ စွန့်ထားခဲ့ရတယ် ဘုရား။

ဒါကြောင့် မြတ်စွာဘုရားကို လျှောက်ပေးပါပေါ့။
ဘုရားမရှိတဲ့အခါ ဘုရားကိုယ်စား ကိုးကွယ်စရာ ပူဇော်စရာများ မြတ်စွာဘုရား မိန့်ကြားပေးပါဘုရား၊ ညွှန်ကြားပေးတော်မူပါဘုရား။
အဲဒီလို အရှင်ဘုရားက မြတ်စွာဘုရားကို လျှောက်ပေးပါဦးဘုရားလို့ ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးက (အရှင်အာနန္ဒာ၊ လောကအပြောတော့ ဘုရားရဲ့ ကိုယ်ရေးအရာရှိပေါ့။ ဘုရားရဲ့ ကိုယ်ရေးအရာရှိလို့ ခေါ်ဆိုရမယ့်) အရှင်အာနန္ဒာကို လျှောက်တော့ -
အရှင်အာနန္ဒာက မြတ်စွာဘုရားထံ သွားလျှောက်။

မြတ်စွာဘုရားထံ သွားလျှောက်တော့ အရှင်အာနန္ဒာက မေးခွန်းပဲ လျှောက်ပါတယ်။

“မြတ်စွာဘုရား၊ လောကမှာ စေတီဘယ်နှမျိုး ရှိပါသလဲ ဘုရား”

“သုံးမျိုးရှိတယ် အာနန္ဒာ”

သုံးမျိုးဆိုတာက ‘ဓမ္မစေတီ’မပါဘဲနဲ့ သုံးမျိုးပြောတာပါ။
တချို့နေရာမှာ လေးမျိုးဆိုတာက ‘ဓမ္မစေတီ’ထည့်ပြီးတော့ လေးမျိုးလို့ ပြောတာ။
အခု မြတ်စွာဘုရားက -

“သုံးမျိုးရှိတယ် အာနန္ဒာ”

“အဲဒီ သုံးမျိုးက ဘာတွေလဲဘုရား”

“သုံးမျိုးဆိုတာ ‘ပရိဘောဂစေတီ’၊ ‘ဥဒ္ဒိဿစေတီ’၊ ‘ဓာတုစေတီ’ပေါ့”

ဓာတုစေတီကို ‘သရီရစေတီ’လို့လည်း ခေါ်တယ်။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသောကြောင့် ဓာတုစေတီကို သရီရစေတီလို့လည်း ခေါ်တယ်။
ဒါကြောင့် -
“ပရိဘောဂစေတီရယ်၊ ဥဒ္ဒိဿစေတီရယ်၊ ဓာတုစေတီရယ်လို့ သုံးမျိုးရှိတယ် အာနန္ဒာ၊ အဲဒီသုံးမျိုးရှိတယ် အာနန္ဒာ”

အဲဒီ သုံးမျိုးထဲမှာ ‘ဓမ္မစေတီ’ထည့်လိုက်ရင် စေတီလေးမျိုးဆိုတာ ပေါ်လာတယ်။

စေတီဆိုတာ ပါဠိလို ‘စေတိယ’။
စေတိယဆိုတာ မြတ်နိုးထိုက်တယ်၊ ပူဇော်ထိုက်တယ်၊ လေးစားထိုက်တယ်၊ မြတ်မြတ်နိုးနိုး အားကိုးထိုက်တယ် အဲဒါကို စေတီလို့ ခေါ်ပါတယ်။

အဲဒီ သုံးမျိုးရှိတယ်လို့ မြတ်စွာဘုရားက မိန့်ကြားတော့ အရှင်အာနန္ဒာက -

“မြတ်စွာဘုရား .. အဲဒီ စေတီသုံးမျိုးကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာပဲ တည်လို့ ဖြစ်ပါသလား ဘုရား”လို့ အရှင်အာနန္ဒာက ပညာရှိပီပီ လျှောက်တယ်။
ဒကာ ဒကာမတွေက ဘယ်လို လျှောက်ခိုင်းလို့ဘုရား၊ အနာထပိဏ်သူဌေးကြီးက ဒီလိုလျှောက်ခိုင်းလို့ဘုရား တလုံးမှ မပြောဘူး။
ပညာရှိကြီးပီပီပဲ လိမ္မာပါးနပ်စွာ စေတီတည်လို့ ဖြစ်ပါမယ့်အကြောင်းကို လမ်းခင်းပြီးတော့ အရှင်အာနန္ဒာ လျှောက်နေပုံကလေး။

အဲဒီ စေတီသုံးမျိုး ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီဆိုတဲ့ စေတီသုံးမျိုး။
“မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါသလားဘုရား”ဆိုတော့

“နှစ်မျိုးတည်လို့ ဖြစ်တယ် အာနန္ဒာ”

ဓာတုစေတီဆိုတာကတော့ ဘုရား ပရိနိဗ္ဗာန် စံမှပဲ တည်လို့ ဖြစ်တယ်။
ဓာတုစေတီဆိုတာ ဘုရားရဲ့ အရိုးဓာတ်တော်ကို ခေါ်တာ။
အရိုးဓာတ်တော်ဆိုတာကတော့ ဘုရားမရှိတဲ့နောက် ပရိနိဗ္ဗာန်စံပြီးမှပဲ ရမှာပေါ့။

ပရိဘောဂစေတီနဲ့ ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါတယ် အာနန္ဒာဆိုတော့ အရှင်အာနန္ဒာက ဒီလိုဆို မြတ်စွာဘုရား၊ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီ တည်လို့ဖြစ်တယ်ဆိုရင် တပည့်တော် စေတီတည်ချင်ပါတယ်ဘုရား ဆိုတော့ -

မြတ်စွာဘုရားက ပရိဘောဂစေတီဆိုတာ ငါဘုရား အသုံးအဆောင် သဗ္ဗညုတရွှေဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ ဗောဓိပင်ပေါ့။

ဗောဓိပင်လို့ ပြောလိုက်ရင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဘုရား အသုံးအဆောင်၊ ပြီးတော့ စေတီကြီးတွေပေါ့။
မြေပေါက်စေတီဆိုတာ အမှန်တော့ ဘုရားရဲ့ သီတင်းသုံးရာ ကျောင်းဆောင်ကြီးတွေပါ။
ကျောင်းဆောင်ကြီးတွေဆိုတာကလည်း အသုံးအဆောင်တွေမို့လို့ ပရိဘောဂစေတီပဲ။
စေတီကြီးတွေမှန်သမျှအားလုံး ဘုရားရဲ့ သီတင်းသုံးရာ အုတ်ဂူ၊ အုတ်ကျောင်းကြီးများသဖွယ် တည်ဆောက်ထားတာ ဖြစ်သောကြောင့် ပရိဘောဂစေတီအရာမှာ တည်တယ်။
ဗောဓိပင်တို့ဆိုတာလည်းပဲ မြတ်စွာဘုရားရဲ့ အသုံးအဆောင် ပရိဘောဂစေတီလို့ပဲ ခေါ်တယ်။
ဘုရားရဲ့ အသုံးအဆောင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဥစ္စာအားလုံး၊ အသုံးအဆောင်အားလုံးကို ပရိဘောဂစေတီ။

ဒါကြောင့် -
“ငါဘုရား သဗ္ဗညုတဉာဏ် ထိုးထွင်းသိရာဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပရိဘောဂစေတီပဲ ချစ်သား အာနန္ဒာ”

ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရားရဲ့ ဂုဏ်တော်ကို အာရုံပြုပြီးတော့ ကြည်ညိုမြတ်နိုးစွာ ကိုးကွယ်ရတဲ့ အလုပ်ပါ။
အဓိကတော့ အာရုံပြုတတ်ဖို့ စိတ်အားထက်သန်ဖို့သာ ပဓာနပါ။

အဲဒီလိုဆိုတော့ မြတ်စွာဘုရား အဲလို မိန့်ကြားတော်မူတော့ အရှင်အာနန္ဒာက အဲလိုဆိုလို့ရှိရင် တပည့်တော် ဟောဟိုက ဇေတဝန်ကျောင်းတံခါးပေါက်မှာ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိစေ့ကို ယူပြီးတော့ ဗောဓိပင် စိုက်ပျိုးချင်ပါတယ် ဘုရား တဲ့။

မြတ်စွာဘုရား ကျောင်းမှာ မရှိတဲ့အခါမှာ ဒကာ ဒကာမတွေ ပူဇော်ဖို့ လာတဲ့အခါမှာ မြတ်စွာဘုရားနဲ့ မတွေ့တော့ ပူဇောစရာနေရာ မတွေ့တော့ အားငယ်ကြတယ် ဘုရား။
ဒါကြောင့် မြတ်စွာဘုရား မရှိတဲ့အခိုက် ဒကာ ဒကာမတွေ ပူဇော်ဖို့ လှူတန်းဖို့ လာကြတဲ့အခါ ပူဇော်စရာ လှူတန်းစရာ ဘုရားကို အာရုံပြု ပူဇော်လှူတန်းစရာအဖြစ်ဖြင့် ရအောင် ပရိဘောဂစေတီအဖြစ် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ချင်တယ်ဘုရား၊ ဗောဓိပင်ကလည်း မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိညောင်စေ့ကို ယူပြီးတော့ စိုက်ပျိုးမှာပါဘုရားလို့ အရှင်အာနန္ဒာက လျှောက်တော့ မြတ်စွာဘုရားက -

ကောင်းတာပေါ့ အာနန္ဒာ၊ ဇေတဝန်ကျောင်း တံခါးပေါက်မှာ ဗောဓိပင်ကြီး စိုက်ပျိုးလိုက်တော့ ဟောဒီ ဇေတဝန်ကျောင်းကြီးဟာ ငါဘုရား အမြဲသီတင်းသုံးသလို ဖြစ်သွားမှာပေါ့။
ဒီဇေတဝန်ကျောင်းထဲမှာ ငါဘုရား အမြဲသီတင်းသုံးနေသလို ဖြစ်တော့မှာ။
လာသမျှလူတွေ လှူဖို့တန်းဖို့ ပူဇော်ဖို့ အားကိုးဖို့ လာကြတဲ့ ပုဂ္ဂိုလ်အားလုံး ဘုရားရဲ့ဂုဏ် အာရုံပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြမယ်ဆိုရင် ကုသိုလ်တွေ ပွားကြမှာပေါ့။
ငါဘုရားနဲ့ အမြဲတွေ့နေသလိုပဲ နေမှာပေါ့ အာနန္ဒာ။
ဘုရားက ကောင်းတယ်လို့ ထောက်ခံတယ်။ ခွင့်လည်း ပြုတယ်။

အဲဒီ အကြောင်းအရာကို အရှင်အာနန္ဒာက ပသေနဒီကောသလမင်းကြီးထံလည်း အကြောင်းကြားတယ်။
ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးထံလည်း အကြောင်းကြားတယ်။
ပုပ္ဖါရုံကျောင်းအမကြီး ဝိသာခါထံလည်း အကြောင်းကြားတယ်။
ဒီအပြင် အရေးပါ အရာရောက်တဲ့ ဒကာ ဒကာမတွေထံလည်း အကြောင်းကြားတယ်။

ပြီးတော့ အရှင်အာနန္ဒာက အရှင်မဟာမောဂ္ဂလာန်ထံ သွားအကူအညီတောင်း။
“အရှင်ဘုရား .. တပည့်တော် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ပျိုးချင်တယ် ဘုရား၊ အရှင်ဘုရားရဲ့ တန်ခိုးနှင့် မဟာဗောဓိပင်က ဗောဓိညောင်စေ့ရအောင် ဆောင်ရွက်ပေးတော်မူစေချင်ပါတယ်ဘုရား” ဆိုတော့ -

အရှင်မဟာမောဂ္ဂလာန်က “ဟာ လွယ်ပါတယ် အာနန္ဒာ၊ ဗောဓိညောင်စေ့ရဖို့ မခက်ပါဘူး၊ ငါ တာဝန်ယူပါတယ်” ဆိုပြီးတော့ အရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ကောင်းကင်ခရီးကနေ မြတ်စွာဘုရား ပွင့်ခဲ့တဲ့ မဟာဗောဓိပင်ကို ကြွ၊ အဲဒီကို ကြွပြီးတော့ ဗောဓိညောင်သီးတစ်လုံးဟာ အညှာကနေ ကြွေကျခိုက် အရှင်မဟာမောဂ္ဂလာန်က ဟိုအောက်က မြေကြီးပေါ် မရောက်မီ ကြွေကျလျှင် ကြွေကျချင်း သင်္ကန်းနဲ့ လှမ်းခံယူလိုက်တယ်။

သင်္ကန်းနဲ့ လှမ်းခံယူပြီးတော့ ကောင်းကင်ခရီးနဲ့ပဲ ဇေတဝန်ကျောင်းကို ပြန်ကြွခဲ့တယ်။
ဗောဓိညောင်သီးတစ်လုံး ပါလာခဲ့တယ်။

အဲဒီထဲမှာ ညောင်စေ့တွေ မျိုးစေ့တွေ ပါလာတယ်ပေါ့။
အရှင်အာနန္ဒာက ဒကာ ဒကာမတွေ အသိပေးပြီးတော့ စေခိုင်းသင့်တဲ့ ပုဂ္ဂိုလ်များကို ကျောင်းတံခါးပေါက်မှာ မြေရှင်း၊ တွင်းများတူးခိုင်းပေါ့။
အားလုံး ကိစ္စပြီးပြီဆိုတဲ့အခါမှာ ရွှေပေါင်းချောင်ထဲမှာ နံ့သာနဲ့ထုံထားတဲ့ မြေများ ထည့်ပြီးတော့ အဲဒီ ဗောဓိညောင်စေ့များကို ချပြီးတော့ ပသေနဒီကောသလမင်းကြီးကို စိုက်ပျိုးခိုင်း။
ပသေနဒီကောသလမင်းကြီးကလည်း ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးလက်ထဲ လွှဲ။
အနာထပိဏ်သူဌေးကြီးက ဗောဓိညောင်စေ့ကို အဲဒီထဲမှာ ကြဲချ စိုက်ပျိုးလိုက်တယ်ဆိုရင်ပဲ အံ့သြစရာကောင်းလောက်အောင်တဲ့ ဗောဓိညောင်ပင်ကြီး ဘွားခနဲဆို ချက်ချင်း ပေါ်ပေါက်လာသတဲ့။

စေတနာအားတွေ၊ သဒ္ဓါအားတွေ၊ တန်ခိုးအားတွေ အကုန်လုံးပေါ့။ နှလုံးသား တရားတည်ဆိုတဲ့အတိုင်း ဘုရားယုံကြည်မှုက သိပ်အားကောင်း၊ တရားယုံကြည်မှုက သိပ်အားကောင်း၊ စွမ်းအားတွေက အင်မတန် အားကောင်းလွန်းလို့ ယုံနိုင်စရာ မရှိဘူးတဲ့။

တခါတည်း ဘွားခနဲဆို ဗောဓိညောင်ပင်ကြီး ချက်ချင်း ထပေါက်လာ။
ပေါက်လိုက်တာ အထက်ကို အတောင်ငါးဆယ်၊ ဘေးလေးဖက်လေးတန်ကိုလည်း အတောင်ငါးဆယ်၊ အကိုင်းအခက်တွေ တခါတည်း ရှုမငြီး အံ့မခန်းနိုင်လောက်အောင် ဗောဓိပင်ကြီး ဘွားခနဲ ပေါက်လာသတဲ့။

အဲဒါနဲ့ အရှင်အာနန္ဒာက ဘုရားထံ သွားလျှောက် -
“ဗောဓိပင် စိုက်ပျိုးပြီးပါပြီ ဘုရား၊ အဲဒီ ဗောဓိပင်မှာ မြတ်စွာဘုရား ဖလသမာပတ် ဝင်စားတော်မူပါဘုရား၊ အသုံးချတော်မူပါ ဘုရား” ဆိုတော့ မြတ်စွာဘုရားလည်း အဲဒီ စိုက်ပျိုးထားတဲ့ ဗောဓိပင်အောက်သွား။ အဲဒီမှာပဲ တစ်ညလုံး ဖလသမာပတ်ဝင်စားပြီးတော့ အသုံးချတော်မူတယ်။ ပရိဘောဂစေတီပေါ့။

အရှင်အာနန္ဒာကို အကြောင်းပြုပြီးတော့ စိုက်ပျိုးတဲ့ ဗောဓိပင်ဖြစ်လို့ “အာနန္ဒာဗောဓိ”လို့ အဲလို ခေါ်တယ်။

အဲလိုဆိုရင် ဘုရားဂုဏ်ကို အာရုံပြုတာ အဓိကပါ။
အဓိကအားဖြင့် နှလုံးသားမှာ တရားတည်တာပါ။ နှလုံးသား တရားတည်တဲ့ စွမ်းအားကြောင့်မို့လို့ ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဘုရားကိုယ်စား ဘုရားရဲ့ အသုံးအဆောင် မဟာဗောဓိပင်မှ အပွားဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပေါ်လာရတယ်။
ဘုရားကိုယ်တိုင် ခွင့်ပြုထားတယ်။

ဒါကြောင့် စေတီဆိုတာ ဘုရားရှိကတည်းက ပေါ်လာတဲ့ ဥစ္စာပါ။
ဘုရားကိုယ်တိုင်လည်း ခွင့်ပြုထားတယ်။
ကောင်းတယ်တဲ့။
ငါဘုရား မရှိတဲ့နောက် ငါဘုရား မရှိတဲ့အခါ ငါဘုရားကိုယ်စား ဖြစ်တာပေါ့။
ဘုရားကို အာရုံပြု ပူဇော်ရင် တကယ့်ဘုရားနဲ့ တွေ့ရသလိုပဲ ပူဇော်ရသလို အကျိုးဟာ ရပါတယ်လို့ ဘုရားကလည်းပဲ ချီးမွှမ်းဂုဏ်တင်ထားတာပဲ။


(တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ, ယောဆရာတော် ၏ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် ထုတ်ဝေသည့်
“နှလုံးသားဝယ် ဘုရားတည် - ဓမ္မစာစုများ အမှတ် (၁)” စာအုပ်တွင် ပါရှိသော သာသနာတော်သက္ကရာဇ် ၂၅၃၉-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၅၇-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက်၊ ခရစ်သက္ကရာဇ် ၁၉၉၅-ခုနှစ် နိုဝင်ဘာလ ၂-ရက် ကြာသပတေးနေ့ ညအချိန် ကလေးမြို့နယ် အင်ဒိုင်းကြီးရွာ မဟာအာယုဒီဃကျောင်းကြီးအတွင်း၌ ဟောကြားတော်မူသော “နှလုံးသားဝယ် တရားတည် တရားတော်” မှ)

Thursday 23 August 2012

Check out the blog post 'Floder,i con,shortcut တွေကို mouse မသုံးပဲဖွင့်ချင်ရင်'

ပထမဦးဆုံး desktop ပေါ်မှာရှိတဲ့ မိမိကြိုက်နှစ်သက်ရာ Floder,i con,shortcut တစ်ခုခုပေါ်မှာ Right Click ထောက် ပေါ်လာတဲ့အထဲက Properties ကိုရွေးပြီး ကလစ်ပေးပါ။

Properties ကိုကလစ်၍ ပေါ်လာသော Box ထဲမှ Shortcut key နေရာရှိ None ကို ဖျက်၍  အင်္ဂလိပ်အက္ခရာ A to Z ထဲက မိမိကြိုက်နှစ်သက်ရာအင်္ဂလိပ်အက္ခရာတစ်ခုရွေးပေးပါ။
ဥပမာ။  ။ A ဟုရိုက်လိုက်လျှင် Ctrl+Alt+A ဟုအလိုလိုပေါ်ပါသည်။
B ဟုရိုက်လိုက်လျှင် Ctrl+Alt+B ဟု အလိုလိုပေါ်ပါသည်။
ပြီးရင် Apply နှိပ် OK နှိပ်ပေးပါ။


ထိုသို့ ပြောင်းပြီးလျှင် မိမိပြောင်းလိုက်သော icon လေးကို Mouse နှင့် ကလစ်ပြီး ဖွင့်စရာမလိုပဲ မိမိပေးထားသော  Shortcut Key အတိုင်း ကီးဘုတ်ပေါ်မှာရိုက်၍ ဖွင့်နိုင်ပါကြောင်း....

Wednesday 22 August 2012

စိတ်ဖိစီးမှု နည်းစေနိုင်သော နည်းလမ်း ၁၀ခု

(၁) ဆားများများစားတဲ့ အကျင့်ကို ဖျောက်ပါ
ဆားများများစားတဲ့ အတွက် ရေဓာတ် စုဆောင်းမှုတွေ ရရှိကာ သွေးဖိအား မြင့်တက်လာ နိုင်ပါတယ်။ ပြုပြင်ထားတဲ့ အစာ ဒါမှမဟုတ် စည်သွတ်ဘူးတွေ စားမယ့်အစား လတ်ဆတ်တဲ့ အစာ
စားတာကြောင့် ဆားစားသုံးမှု လျော့နည်းသွား နိုင်ပါတယ်။
ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ မဆလာတွေ ထည့်စားခြင်းဖြင့်
အနံ့အရသာ ကောင်းမွန်ပြီး သင့်ကို ကျန်းမာစေနိုင်ပါတယ်။
(၂) လှေကား အသုံးပြုပါ
သင်ရဲ့ stress ဟော်မုန်းတွေ များလာလို့ ဆေးလိပ်သောက်ချင်တာ၊ လက်ဖက် စားချင်တာတွေ ဖြစ်လာရင် လေ့ကျင့်ခန်း လုပ်လိုက်ပါ။ သင်ဟာ ရုံးခန်း တွင်းရောက်နေပါက
ရုံးခန်းတွင်းလှေကားမှ ဆင်းလာပြီး ၁၀မိနစ်လောက် လမ်းလျှောက်ပါ။ လေ့လာမှုတွေ
အရ ၁၀ မိနစ်လောက် ကာယလေ့ကျင့်ခန်း လုပ်တာနဲ့တင် စိတ်ခံစားမှု
ပိုကောင်းမွန်လာပြီး စွမ်းအင်တွေ ပိုပြည့်လာနိုင်တယ်လို့ သိရပါတယ်။
(၃) သကြားစားချင်စိတ်ကို တွန်းလှန်ပါ
ဒိုးနပ်၊ ချောကလက်နဲ့ အချိုစာတွေဟာ သင့်ကို ယာယီအားဖြင့်သာ စွမ်းအင်ပေးနိုင်ပေမယ့် သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် တိုးလာနိုင်တာက ယာယီမဟုတ်ပါဘူး။ သင်ဟာ
စိတ်ဖိစီးမှုများ နေပါက အဲဒီအစာတွေအစား ပန်းသီးလိုမျိုး ကျန်းမာရေးနဲ့
ညီညွတ်တဲ့ အစာစားပါ။
(၄) အိပ်ရေးဝအောင် အိပ်ပါ
စိတ်ဖိစီးမှု လျော့အောင် ညစဉ်အနည်းဆုံး ခုနှစ်နာရီမှ ရှစ်နာရီလောက် အိပ်သင့်ပါတယ်။ သင်ဟာ အိပ်မပျော်တတ်သူ ဖြစ်နေရင် ညနေပိုင်းမှာ ကဖင်းပါတဲ့ အစာတွေ မစားပါနဲ့။
အိပ်ရာဝင်ခါနီး နှစ်နာရီအလိုမှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။ သင်ရဲ့ ကွန်ပျူတာ
ဒါမှမဟုတ် လက်ကိုင်ဖုန်းတွေကိုလည်း သင့်အိပ်ခန်းမှာ မထားပါနဲ့။
(၅) ပြောင်းလဲမှုတွေ လုပ်ပါ
သင်ရဲ့ ပုံမှန်လုပ်ငန်းတွေမှ ခွဲထွက်လိုက်ပါ။ အလုပ်ကို သွားနေကျလမ်းမှ မဟုတ်ဘဲ လမ်းကြောင်းပြောင်းသွားတာ ဒါမှမဟုတ် နံနက်စာကို ထမင်း မဟုတ်ဘဲ တစ်ခုခု
စားတာတွေ လုပ်တာကြောင့် သင်ရဲ့ စိတ်နေစိတ်ထား ပြောင်းလဲသွားနိုင်ပါတယ်။
(၆) သင့်ခန္ဓာကိုယ် အချိုအစားကို ထိန်းပါ
အားကစားခန်းမမှာသွားပြီး ချွေးထွက်အောင် လုပ်ဖို့သင့်မှာ အချိန်မရှိရင်လည်း သင့်အိမ်အနီး ပတ်ဝန်းကျင်မှာ လမ်းလျှောက်တာ ဒါမှမဟုတ် ယောဂကျင့်စဉ်လိုမျိုး လေ့ကျင့်ခန်း
လုပ်တာတွေကြောင့် သင့်ခန္ဓာကိုယ်နဲ့ စိတ်ကို လန်းဆန်းစေ နိုင်ပါတယ်။
(၇)အမျှင်ဓာတ် လုံလုံလောက်လောက် စားပါ
သင်ဟာ ပိန်ချင်လို့ ဖိစီးမှုများနေရင် အမျှင်ဓာတ် လုံလုံလောက်လောက် စားတာကြောင့် သင့်ဝမ်းဗိုက်ကို မြန်မြန်ပြည့်တင်း စေပြီး အစာစားတဲ့ ပမာဏ
နည်းသွားနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ ပန်းသီး၊ အချဉ် အရသာရှိတဲ့ အသီးများ၊
စတော်ဘယ်ရီနဲ့ ဟင်းသီး ဟင်းရွက်တွေမှာ များစွာ ပါဝင်ပါတယ်။
(၈) လက်ရှိ အခြေအနေကိုသာ ဦးစားပေးပါ
အတိတ်က အဖြစ်တွေဟာ ပြီးသွားပါပြီ။ အနာဂတ်ဟာလည်း မသေချာပါဘူး။ ဒါကြောင့် အဲဒါတွေ အတွက် စိတ်မပူပါနဲ့တော့၊ လက်ရှိ အခြေအနေကိုသာ အာရုံစိုက်ပေးပါ။
(၉) ဆရာဝန်နဲ့ ပြပါ
သင့်မှာ အပယိက ဝေဒနာတွေ ရှိနေရင် ဖိစီးမှုတွေ များနေမှာပါ။ အကယ်၍ သင့်မှာ အမြဲတမ်း ခေါင်းကိုက် ဝေဒနာရှိရင်၊ ကြွက်သားတွေ နာကျင်နေရင် ဒါမှမဟုတ် သင်ရဲ့ ချောင်းဆိုး
ဝေဒနာဟာ မသက်သာရင် ဆရာဝန်နဲ့ ပြပါ။
(၁၀) သင့်ဦးနှောက်ကို အနားပေးပါ
သင့်မှာ စဉ်းစားစရာတွေ များနေပေမယ့် သင့်ဦးနှောက် လုပ်ငန်းကို အနားမပေးဘဲနဲ့ relax ရအောင် လုပ်နိုင်ပါတယ်။ ဥပမာ သင်ခန်းစာတွေကို မှတ်စုစာအုပ်မှ
ပြန်ကြည့်မယ့် အစား MP3 မှာ သွင်းထားပြီး ပြန်နားထောင်တာလိုမျိုးပါ။
ကိုယ်ရောစိတ်ပါ အနားရအောင် ဥယျာဉ် ခြံစိုက်တာ ဒါမှမဟုတ် ခရီးထွက်တာလိုမျိုး
ဝါသနာ အသစ်တွေ လုပ်ပေးပါ။

Thursday 2 August 2012

ဝါဆိုလပြည့်နေ ဓမ္မစကြာအခါတော်နေ့



"ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ"

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားက ဟောကြား တော်မူသည်ကို အကြောင်းပြု၍ ကျင်းပ ရခြင်း ဖြစ်ပါသည်။

• ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား ဘုရားအဖြစ်ကို ဝန်ခံသော အားဖြင့် ဟောကြား တော်မူ ခဲ့ပါသည်။

• ဓမ္မစကြာတရားတော်သည်ဝိနည်းမဟာဝါ ပါဠိတော်၌ ပဉ္ဓဝဂ္ဂယ ကထာ အမည်ဖြင့် လာရှိပါသည်။ ပဋ္ဋိသမ္ဘိဒါ မဂ္ဂ ပါဠိတော် ၌ “ဓမ္မစက္က ပဝတ္တန ဝါရ” အမည်ဖြင့် လာရှိ ပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။

• ဓမ္မစက္က ပဝတ္တန ၏ အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု အဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က= တရားတော် + ပဝတ္တန=ဖြစ်စေ၊ လည်စေခြင်း]

• ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကို ညွှန်းဆို ဟောကြားသော ဒေသနာတော် ဖြစ်၍ ပိဋ္ဋိကတ်သုံးပုံ၏ ` အနှစ်ချုပ်တရား’ ဟု ဆိုထိုက် ပါသည်။

• ဓမ္မစကြာတရားတော်ကို စိစစ် သုံးသပ် ကြည့်ပါလျှင် လမ်းစဉ်မှား “အစွန်း၂ခု” ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမ ပဋ္ဋိပဒါ လမ်းစဉ်မှန် ကို ကျင့်သုံးရေး တို့ကို ညွှန်ကြား ထားပြီး သစ္စာလေးပါး တရားကို သိမြင် စေရန် ဟောကြား ထားသောကြောင့် ဗုဒ္ဓဝါဒ ၏ တိကျ ခိုင်မာ သော သဘောတရားကို တွေ့မြင် နိုင်ပါသည်။

• ဤကဲသို့ အနှစ်သာရ ပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူတို့က ဓမ္မစကြာ တရားတော်ကို အထူးပင် အာရုံ စိုက်၍ ရွတ်ဖတ် သရဇ္ဈာယ် တော်မူကြ ပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန်ပွား အောင် ဆောင်ရွက်လျက် ရှိကြပါသည်။

• အထက်ပါ အချက်များကြောင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ ဟု ခေါ်ဆို ရခြင်း ဖြစ်ပါသည်။

ထို့အပြင် ၀ါဆိုလပြည့်နေ့ဧ။် ထူးခြားချက်များမှာ “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက် သံချို လ၀ါဆို” ဟူသော သံပေါက်လေး အတိုင်း ဂေါတမ မြတ်စွာဘုရား ပဋိသန္ဓေ ယူသော၊ တောထွက်သော၊ ဓမ္မစကြာ တရားဦး ဟောသော လ ဖြစ်ပါသည်။

(ဆရာတော် ဦးပညာသာမိ (မာဂဓီ- သာစည်)၊ နိုင်ငံတော် ပိဋကတ် တိုက်မှူး စီစဉ် ရေးသားသော အခါတော် နေ့များ စာအုပ်မှ ကောက်နှုတ်ပါသည်။)

မြတ်ဗုဒ္ဓ၏ တရားဦး (The First Discourse of The Buddha)
တရားဦး ဓမ္မစက်မှာ အနှစ်သာရ
(၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။

သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း
ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း
ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး
ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။

"ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊
ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊

အပ္ပိယေဟိ
သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊

ယမ္ပိစ္ဆံ နလဘတိ
တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။"

(၁)
ဇာတိပိဒုက္ခာ
အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.

(၂)
ဇရာပိဒုက္ခာ
အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging is suffering.

(၃)
ဗျာဓိပိဒုက္ခာ
နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness is suffering.

(၄)
မရဏမ္ပိဒုက္ခံ
သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death is suffering.
Sorrow and lamentation, pain, grief and despair are suffering.

(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော
မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant is suffering.

(၆)
ပိယေဟိ
ဝိပ္ပယောဂေါ ဒုက္ခော
ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant is suffering.

(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ
လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants is suffering.
ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။
သစ္စာလေးပါးကို ရှင်းပြပါမယ်

(၁) ဒုက္ခသစ္စာ
The Noble True of suffering.

မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊
ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့်
လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း
အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ
The Noble True of the origin of suffering.
ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့်
ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့
အမှန်တရားတစ်ခုပဲ ဖြစ်တယ်။

(၃) နိရောဓသစ္စာ
The Noble True of the Cessation of suffering.
ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့
အမှန်တရားလို့ ဆိုလိုပါတယ်။


(၄) မဂ္ဂသစ္စာ
The Noble True of the Path leading to the Cessation of suffering.
သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -

Right view- ကောင်းစွာ သိမြင်ခြင်း၊
Right thought- ကောင်းစွာ ကြံစည်ခြင်း၊


Right speech- ကောင်းစွာ
ပြောဆိုခြင်း၊
Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊


Right livelihood ကောင်းစွာ
အသက်မွေးခြင်း၊
Right effort- ကောင်းစွာ အားထုတ်ခြင်း၊


Right mindfulness- ကောင်းစွာ
အောက်မေ့ခြင်း နှင့်
Right concentration- ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း
ခေါ်ပါတယ်။

နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ
ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊
ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့
ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ
တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့
ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို
ပယ်ဖို့ပါပဲ။

ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့
အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး
လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။
သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက
မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။


ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး
သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း
ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့်
ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။

ဒုက္ခဟာ
ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ
ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင်
မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို
ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့
ကျင့်ရပါတယ်။

သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး
လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ
ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။


သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ
လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’

ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်

မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊
မတည်ထွင်နိုင်၊
မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။

ဤသစ္စာတရားတို့၌
သိခြင်း၊
ပယ်ခြင်း၊
ဆိုဒ်ရောက်ခြင်း၊
ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ
ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။

တရားချစ်ခင် သူတော်စင် အပေါင်းတို့
ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
ဥာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်


လူ နတ် ဗြဟ္မာ သတ္တ၀ါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ၀န်မခံခဲ့သေးပါ။
ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။

သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တ၀ါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
ကြေညာ ၀န်ခံခဲ့ခြင်း ဖြစ်ပါတယ်။


သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
ဝန်ခံရုံသာမက “ငါရရှိတဲ့ ဥာဏဒဿန နှင့် စေတောဝိမုတ္တိ= ဥာဏ်အမြင်နှင့် စိတ်၏
လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊ မှေးမှိန်ခြင်း၊
ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဥာဏ်အမြင် အပြီးအတိုင်
လွတ်မြောက်ခြင်းတို့
 
ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။

ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ ညနေခင်း ကာလ
ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနခေါ် မိဂဒါဝုန်
သားပေါင်းစုံတဲ့ တောရဂုံမှာ
ရှောင်ရှားရန် အစွန်းနှစ်ပါး
လိုက်နာရန် အလယ်လမ်းနှင့်


ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့
ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
ကောဏ္ဍည
ဝပ္ပ
ဘဒ္ဒိယ
မဟာနာမ
အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။


ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစကြာနေ့ ၀ါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံးဝကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။


By buddhafm & ashintayzaniya (အရှင်တေဇနိယ အုတ်ဖို)
မူရင်း=http://www.facebook.com/photo.php?fbid=233551193414403&set=a.160516864051170.21415.100002785716330&type=1&theater

Monday 2 July 2012

ကင်ဆာရောဂါနှင့် သင်္ဘောရွက်

Mg Mandalay
ကင်ဆာရောဂါနှင့် သင်္ဘောရွက် ........(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။
ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။
သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။
ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။
ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။
ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။
စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။
အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။
သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။
R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။
ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။
အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။
တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။
နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။
ဒေါက်တာခင်ရွှေ
 (တိရစ္ဆာန်ဆေးကုဆရာဝန်)

Monday 4 June 2012

စုထားတာလေးတွေ

smadav87.exe ဒီဆော့ဝဲလ်လေးကိုလိုချင်ရင်ဒေါင်းထားလိုက်ပေါ့....virus ဖိုင်hiddenဖိုင်တွေကိုပါscan ဖတ်ပေးပြီးရှင်းပေးပါတယ်




ဒီမှာ သွားဒေါင်းလိုက် ပါသုံးရတာတော်တော်ကောင်းတယ်...ပုံလေးတွေကိုစိတ်ကြိုက်လုပ်ကြည့်ချင်တဲ့သူငယ်ချင်းတွေရှိရင်ယူထားပေါ့    ပုံနမူနာလေးပြထားပါတယ်..

ပန်းအဘိဓာန်

၁။ ကံ့ကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်ပါ။
၂။ ကြာပန်း = မိတ်ဆွေတွေရဲ့  ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်။
၃။ ခရေပန်း = မေ့မသွားပါနဲ့ကွယ်...။
၎။ ခတ္တာပန်း = အားငယ်ရတဲ့သူမို့ ညှာတာပါ။
၅။ ခေါင်းလောင်းပန်းအဖြူ = အမြန်ဆုံး နီးခွင့်ရချင်တယ်....။
၆။ ဂန္ဓမာပန်းအဖြူ = ငြိမ်းချမ်းပါစေ...။
၇။ ဂန္ဓမာပန်းအ၀ါ = သတိရနေမယ်....။
၈။ ဂမုန်းပန်း = မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေရတဲ့ ချစ်သူပါ။
၉။ စံပယ်ပန်း = မင်းရဲ့ အချစ်ကို လက်ခံလိုက်တယ်....။
၁၀။ ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ်....။
၁၁။ ဆောင်တော်ကူးပန်း = မင်းကြောင့် ကိုယ့်မှာ ရူးပြီ....။
၁၂။ ဆယ့်နှစ်ရာသီပန်း = ရိုးသား ဖြူစင်ခြင်း။
၁၃။ ညမွှေးပန်း = အရာရာမင်းအတွက် ဖြစ်စေရမယ်လို့ ကတိပေးပါတယ်....။
၁၄။ ဒေလီယာပန်း = မကြာခင်မှာ ဆုံတွေ့ ကြရအောင်....။
၁၅။ ဒန်းပန်း = ဘ၀ကို အရှုံးမပေးနဲ့ ....။
၁၆။ ဒေါနပန်း = တို့တစ်တွေ ခွဲခွါကြပါစို့ ....။
၁၇။ နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ။
၁၈။ နှင်းဆီပန်း = ကိုယ်တော့ မင်းကို ချစ်နေမိပြီ....။
၁၉။ ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်....။
၂၀။ နေကြာပန်း = မင်းရဲ့ ဘ၀ရှေ့ ရေး အဆင်ပြေစေဖို့ ကိုယ်တာဝန်ယူပါတယ်....။
၂၁။ ပိတောက်ပန်း = မင်းဟာ ကိုယ့်အတွက် ရှားပါးတဲ့ ဆုလာဒ်ပါ...။
၂၂။ ပျားခတ်ပန်း = မင်းဟာ ဒီပန်းကလေးလို လှပသူတစ်ယောက်ပါ...။
၂၃။ ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ ကြေကွဲအားငယ်ခြင်း ....။
၂၄။ မြတ်လေးပန်း = ဇွဲသတ္တိရှိခြင်း။
၂၅။ မိုးမခပန်း = လွမ်းဆွေး ကြေကွဲရခြင်း...။
၂၆။ သဇင်ပန်း = ကျေးဇူးပြု၍ ကိုယ့်ကို မမုန်းလိုက်ပါနဲ့ ....။
၂၇။ သစ်ခွပန်း = ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း။
၂၈။ သော်ကပန်း = ကိုယ့်ကို ခွင့်လွှတ်ပါ....။
၂၉။ သံလွင်ပန်း = အောင်မြင်ခြင်း၊ ဂုဏ်ပြုခြင်း။
၃၀။ ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်....။
၃၁။ ၀ိုင်အိုလက်ပန်း(ခရမ်းရောင်) = မျှော်လင့်သလို ဖြစ်လာပါစေ....။
၃၃။ အုန်းပန်း = ကံကောင်းခြင်း။

Friday 6 April 2012

မထားတာ သူများဆီက

၁။လေးထောင့်ကွက်တွေကြားက အ၀ိုင်းလေးတွေမှာဘယ်ဟာမဲနေလဲရှာကြည့်ပါလား၂။ဘယ်မျဉ်းကကောက်နေတာလဲ ဟင်း၃။ ဆင်ခြေထောက်ကဘယ်နှချောင်းလဲ၎။မိန်းကလေးကိုရှာပေးပါ၅။ဘိုးဘိုးမျက်နှာဘယ်လောက်များလဲ၆။မြေခွေးဘယ်နှကောင်လဲရ။စာလေးကိုရှာပေးပါ၈။အလယ်ကစက်ဝိုင်းတွေမှာ ဘယ်ဟာကပိုကြီးလဲ၉။ပတ်သွားကြည့်ပါ ဘယ်နားမှာပိုနှိမ့်လဲ၁၀။ဘယ်လိုမေးရမှာလဲ ဖြေချင်တာဖြေတော့ကွာ၁၁။လေးထောင့်လား ခြောက်တောင့်လား၁၂။မျဉ်းဖြောင့်လား မျဉ်းကွေးလား၁၃။ငှက်ကလူကိုစားတာလား လူကငါးဖမ်းတာလား၁၄။တိုင်ဘယ်နှတိုင်လဲ၁၅။လူမျက်နာ ဘယ်နှခုပါလဲရှာကြည့်ပါလား၁၆။ဘယ်သူကပိုရှည်လဲတိုင်းကြည့်ပေးပါ၁၇။ဘာကောင်းလေးနှစ်ကောင်လဲပြောပြလေ၁၈။ဝင်ပေါက်လားအကာလား၁၉။နေရာလွတ်လေးကဘယ်နာကပါလိမ့်၂၀။မြင်းဘယ်နှစ်ကောင်လဲသေချာရှာပေးပါလား၂၁။ဘိုးဘိုး နဲ ဘွားဘွားကဘယ်မှာလဲ၂၂။စာလုံးတွေကစောင်းနေတာလားသေချာကြည့်ပေးပါအုံး၂၃။ဘယ်ဟာကပြေးနေတာလဲနော်၂၄။စပါးခင်းကလေတိုက်နေတာလား၂၄။ဘယ်ဘက်ကိုလည်နေတာလဲ၂၆။အလယ်ကအမှတ်နဲ့ဘယ်အမှတ်ကပိုဝေးလဲ၂၇။ဘယ်အ၀ိုင်းကလှည့်နေတာလဲ၂၈။ရှေ့တိုးကြည့်ပါ လှည့်နေသလားလို့ သေချာကြည့်နော်

Monday 5 March 2012

ကမ္ဘာ့အကြီးဆုံး ဆင်းတုတော်ကြီး


Rodina Mat

 ဒီရုပ်ထုကတော့ Ukraine နိုင်ငံ Kiev မြို့မှာတည်ရှိပြီး ဒုတိယကမ္ဘာစစ် အတွင်းမှာ ဆိုဗီယက်ပြည်ထောင်စုဖွဲ့စည်း ဖြစ်အောင် ပြုလုပ်ပေးခဲ့တဲ့ အထိမ်းအမှတ် ရုပ်တုလို့လည်း ဆိုနိုင်ပါတယ် ။ ၁၉၈၁ ခုနှစ်မှာ ထုလုပ်ပြီးစီးခဲ့ပြီး အလေးချိန် ၅၆၀ ရှိပြီး ၁၀၂ မီတာ မြင့်ပါတယ် ။

6.Emperors Yan and Huang (105 meters)
Emperors Yan and Huang

တရုတ် အင်ပါယာပြည့်ရှင် Yan နဲ့ Huang တို့ရဲ့ ကျောက်ဆစ် ပန်းပုလက်ရာကို ၂၀၀၇ ခုနှစ်မှာ တောင်ပုံစံဖြစ်အောင် ပြုပြင်ခဲ့တာ ဖြစ်ပါတယ် ။ Yellow River Scenic ဆိုတဲ့ ဧရိယာထဲမှာ တည်ရှိပြီး ၁၀၆ မီတာ မြင့်ပါတယ် ။ 
5.Guan Yin Statue (108 meters)
Guan Yin Statue

ဒီရုပ်ထုကတော့ တရုတ်နိုင်ငံမှာ ရှိတဲ့  Hainan ကျွန်းရဲ့ တောင်ဘက်ကမ်းပေါ်မှာ တည်ရှိပြီး ၁၀၈ မီတာ မြင့်ပါတယ် ။ ရုပ်ထဲကို တည်ဆောက်ရာမှာ သုံးဖက်မြင်အောင် ဆောက်လုပ်ထားပြီး    တောင်တရုတ်ပင်လယ်နဲ့ ကျွန်းဖက်ကနေမြင်တွေ့နိုင်ပါတယ် ။ 
4.Cristo-Rei (110 meters)
Cristo-Rei

 ဘရာဇီးနိုင်ငံ Rio de Janeiro မြို့မှာ တည်ရှိပြီး အမြင့် ၁၁၀ မီတာရှိပါတယ် ။ 
3.Ushiku Daibutsu (120 meters)
Ushiku Daibutsu

ဂျပန်နိုင်ငံ Ushiku မြို့မှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ဆင်တုတော်ကြီး လည်းဖြစ်ပါတယ် ။ ညဏ်တော် ၁၂၀ မီတာ ရှိပြီး လာရောက်ဖူးမျှော်သူတွေ အနေနဲ့ ဓါတ်လှေကားနဲ့ ပလပ်ဖောင်းအထိ တက်လို့ရပါတယ် ။  
2.Laykyun Setkyar (130 meters)
Monywa Buddhas

ဒီဗုဒ္ဓဆင်းတုတော်ကြီးကတော့ မြန်မာနိုင်ငံ မုံရွာမြို့နားမှာ သွားရောက်ဖူးမျှော်နိုင်ပြီး ညဏ်တော် ၁၃၀ မီတာ ရှိတဲ့ ကမ္ဘာဒုတိယ အကြီးဆုံး ဆင်းတုတော်ကြီး ဖြစ်ပါတယ် ။ ရပ်တော်မူ ဗုဒ္ဓ ရုပ်ဆင်းတုတော် ကြီးကို ၂၀၀၈ ခုနှစ်မှာ သွန်းလုပ်ခဲ့ပြီး လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်ကြီးကိုတော့ ၁၉၉၁ ခုနှစ်မှာ သွန်းလုပ်ပြီးစီးခဲ့ပါတယ် ။ 
1.Spring Temple Buddha (153 meters)
#1 of Largest Statues In The World

ဒီဗုဒ္ဓဆင်းတုတော်ကြီးကတော့ တရုတ်နိုင်ငံမှာ တည်ရှိပြီး  ကမ္ဘာ့အကြီးဆုံး ဆင်းတုတော်ကြီး ဖြစ်တဲ့အပြင် ညဏ်တော် ၁၅၃ မီတာ ရှိပါတယ် ။ အာဖကန်နစ္စတန် နိုင်ငံမှာရှိတဲ့ Bamiyan ဗုဒ္ဓဆင်းတုတော်တွေကို တာလီဘန်တွေဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး နောက်ပိုင်းမှာ ဒီဗုဒ္ဓဆင်းတုတော်ကြီးကို သွန်းလုပ်ခဲ့တာပါ ။   
ကူးထားတာပါ

Thursday 1 March 2012

Windows Keys နှင့်တွဲသုံးရသော Shortcut များ


ကျွန်တော်တို့ ကွန်ပျူတာသုံးသူတိုင်ဟာ ကွန်ပျူတာရှေ့မှာထိုင်းပြီး အလုပ် လုပ်တဲ့အချိန်
မှာ အသုံးချ ဆော့ဝဲလ် များနှင့် ဖိုင်များကို တစ်ခုထက်မက ပွင့်ထားကြမှာပါ ဒီအချိန်မှာ
နောက်တစ်ခု ဆော့ဝဲလ် ကိုဖွင့်ဖို့ကြိုးစား တိုင်းမှာ ဖွင့်ထားတဲ့ ဆော့ဝဲလ် များနှင့် ဖိုင်များကို
Minimize လုပ်ရပါလိမ်မယ် ဒါကိုအလွယ်လေးနဲ့ အမြင်ဆုံး Minimize ဖြစ်သွားအောင်
 Keyboard ပေါ်က Windows Keys+ D ကိုနှိပ်လိုက်ပါ ပြန်ဖွင့်လိုလျှင် Windows Key + D ကို
ပြန်နှိပ်လိုက်ပါ ။
       Windows Key + E ဟာ  Windows  Explorer အတွက်သုံးနိုင်ပါတယ်
အခုမြင်နေရတဲ့ ပုံကတော့ ဖွင့်ထားသမျှ Program တွေကို ဘေးမှ မြင်ရသလို လုပ်တာပါ
ဒီလို့ လုပ်မယ်ဆိုရင်  Windows Key + Tab ကိုနှိပ်ပါ မိမိသုံးချင်တဲ့  Program ကိုရှေ့မျက်နှာ
ကိုရောက်လာအောင် Windows Key ကိုနှိပ်ထားပြီး Tab Key ကိုနှိပ်ကစားကြည့်ပါ မိမိအသုံးချလိုတဲ့
 Program ရှေ့ရောက်လာလျှင် နှိပ်ထားတဲ့ Windows Key ကိုလွှတ်ချလိုက်ပါ။
 Windows Key + F တော့ File,Folder တွေကိုရှာဖွေပေးတဲ့ Search ဖွင့်ဒါပါ ။
 Windows Key + R Key ကိုတော့ သိကြမှာပါနော် Run Command Box အတွက်ပါ။
 Windows Key + M Key ကတော့ All Open Program Minimize လုပ်သော  Windows Key + D နဲတူပါတယ်
ဖွင့်လိုရင်တော့  Windows Key + M ကိုသုံးလို့ မရဒါကို တွေရပါတယ် သူငယ်ချင်းတို့ စမ်းသုံးကြည့်ကြပါ
ကျွန်တော်ကတော့ Mouse ကိုဘဲသုံးလိုက်ရပါတယ်ဗျာ..။
 Windows Key + L Key ဟာကိစ္စတစ်ခုကြောင့် အပြင်သွားလိုလျှင် Lock လုပ်ဖို့သုံးကြပါတယ် ။
 Windows Key + U Key ကတော့Utilites Manager ကိုသုံးလိုလျှင်ပါ ။
 Windows Key + F1 က  Windows Help and Support ကိုဖွင်သုံးရန် ပါဗျာ ။
 Windows Key + Pause Break ကတော့ ကွန်ပျူတာမှာ တက်ဆ
င်ထားတဲ့ Processor , RAM,  Windows
System, Activated တွေကိုစစ်ဆေးလေ့လာရန်အတွက်သုံးပါတယ် ။
 Windows Key + Down Arrow ဒီ Key ဟာ လက်ရှိသုံးနေတဲ့ Program တွေကို အလတ်စားချုံသော
 Restore Down အတွက်သုံးနိုင်ပါတယ် ။
 Windows Key + Up Arrow Key ဟာ လက်ရှိသုံးနေတဲ့ Program တွေကို အလတ်စားချုံထားတဲ့
နေရာကနေ အကျယ်ပြန်လုပ်တာပါဗျာ ။
Windows Key + Number 1 to 9 Key တွေဟာ လက်ရှိသုံးနေသော  Program မဟုတ်ရန်
Taskbar ပေါ်မှာတင်ထားတဲ့ Shortcut Icon တွေကိုအစဉ်လိုက်ဖွင့်ဖိပါ ၄ ခုမြောက်
 Icon ကိုဖွင့်လို့လျှင် နံပါတ် ၅ ပါ ၈ ခုမြောက်Icon ကိုသုံးချင်ရင်တော့ နံပါတ် ၈ ပေါ့ဗျာ
   ဒီနေ့တော့ ဒါပဲနော် :p :p နောက်အသစ်ရရင်ပြောပါမယ်နော်...
အားလုံးကိုလေ့စားလျှက်ပါဗျာ........
                                    http://doaywar.blogspot.com

Tuesday 28 February 2012

အဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်


  1. ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော ဗောဓါယနစသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊
  2. ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊
  3. ဇောတိသတ္ထ- ဂြိုလ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊
  4. သိက္ခာသရဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်း အတတ်၊
  5. နိရုတ္တိ- ဝဏ္ဏာဂမ စသော လက္ခဏာငါးပါးတို့ဖြင့် ပကတိ ပစ္စယတ္ထ နိဗ္ဗစနတ္ထတို့ကို ပြဆိုသော ကဗျာကရဏ ပရိသဋ္ဌဟုဆိုထိုက်သော ယာသက ရသေ့စီရင်သော ကျမ်းအတတ်၊
  6. ဆန္ဒော- ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်၊
  7. သာမသာမခေါ်ဗေဒင်ကျမ်းအတတ်၊
  8. ယဇု- ယဇုခေါ် ဗေဒင်ကျမ်းအတတ်၊
  9. ဣရု- ဣရုခေါ်ဗေဒင်ကျမ်းအတတ်၊
  10. အာထဗ္ဗဏ- အာထဗ္ဗခေါ် ဗေဒင်ကျမ်းအတတ်၊
  11. မီမံသာကံ၏ အကြောင်းအရာတို့ကို စိစစ်၍ဆုံးဖြတ်သော ဇေမိနိရသေ့ စီရင်သော ပုဗ္ဗမီမံသာဟု ထင်ရှားသောကျမ်း၊
  12. ဗြဟ္မာ၏အကြောင်းအရာကိုစိစစ်၍ဆုံးဖြတ်သော 'ဗေဒန္တ'ဟုထင်ရှားသော ကျမ်းစုအတတ်၊
  13. နျာယ-ဂေါတမစသော ရသေ့ တို့စီရင်အပ်သော တက်ကျမ်းအမျိုးမျိုး အတတ်၊
  14. ဓမ္မသတ္ထ- အမျိုးလေးပါးတို့၏ အကျင့်တရားစသည်ကို မနုစသောရသေ့၊ မင်းတိုင်ပင်အမတ်ပညာရှိတို့စီရင်အပ်သော ဖြတ်ထုံးဥပဒေကျမ်းအတတ်၊
  15. ပုရာဏ- ရှေးဟောင်းအကြောင်းအရာတို့ကိုဆိုသော ပုရာဏ်ကျမ်းစာအတတ်၊
  16. ဓနုဗ္ဗေဒ- လေး၊ ဓါး၊ လှံစသော လက်နက်တို့ကို ပတ်လွှင့်ထိုးခုတ်ခြင်းတို့ကို မန္တန်နှင့်တကွပြသောယဇုဗေဒင်၏ဥပဒေဖြစ်သောကျမ်းအတတ်၊
  17. ဂန္ဓဗ္ဗဗေဒ- သီဆိုတီးမှုတ်ခြင်းအမျိုးမျိုး တို့ကို ပြသော သာမဗေဒင်၏ဥပဒေဖြစ်သော သင်္ဂီတကျမ်းအတတ်၊
  18. အတ္ထသတ္ထ- ဥစ္စာစည်းစိမ်ရကြောင်း လိမ္မာယဉ်ကျေးကြောင်းဖြစ်သော နီတိကျမ်းအတတ်။ 

အဋ္ဌာရသသိပ္ပမျိုး

  1. သုတိ- ဗေဒင် ၄-ပုံကျမ်းအတတ်၊ ဤ၌ ဗေဒင် ၄-ပုံဟော "ဆရုတိ"ဟူသော သကဋသဒ္ဒမှ "ဆုတ်" "သုတိ"ဖြစ်လာ၏၊
  2. သမ္မုတိ - ဓမ္မသတ်ကျမ်းအတတ်၊ "ဆမရုတိ"ဟူသော သကဋဘာသာမှဖြစ်လာသည်၊
  3. သင်္ချာ- သတ္တ၀ါ၏နိစ္စ အတ္တ ထာဝရ ပကတိဟုခေါ်ဝေါ်သော သဘောတရား တို့ကိုပြသည့် ကပိလရသေ့၏သင်္ချာအတတ်၊
  4. ယောဂ- သတ္တ၀ါတို့ဝိညာဉ်နှင့် ထာဝရဗြဟ္မာကြီး၏၀ိညာဉ်ပေါင်းဆုံမိကာ အမြဲမသေတည်နေနိုင်ရန် နည်းလမ်းပြသော ပါတ္စလီရသေ့၏ ယောဂကျမ်းအတတ်၊
  5. နီတိ- လူတို့လိုက်နာကျင့်ဆောင်ကြရန် လောက၀တ်တို့ကိုညွှန်ပြသော နီတိကျမ်းစုအတတ်၊
  6. ၀ိသေသိကာ-သတ္တ၀ါလောကတို့သည် နိစ္စထာဝရရှိနေပုံနှင့် မမြင်နိုင်အောင်သေးငယ်သော အနုမြူဓါတ်မှုန်တို့၏ ပေါင်းဆုံမိသောကြောင့် သတ္တ၀ါလောကဖြစ်ပေါ်လာကြပုံတို့ကိုပြဆိုသော ကဏာဒရသေ့ တီထွင်ခဲ့သည့် ၀ိသေသိကအတတ်၊
  7. ဂန္ဓဗ္ဗ- ၀ါ ဂီ နစ်အတတ်၊
  8. ဂဏိတာ- ဂဏန်းသင်္ချာ အက္ခရာသင်္ချာအတတ်၊
  9. ဓနု- လေးပစ်အတတ်၊
  10. ပုရာဏ- ရှေးစကားဟောင်း ပုရာဏ်ကျမ်းအတတ်၊
  11. ဇောတိသတ္ထ- နက္ခတ်ကျမ်းအတတ်၊
  12. ဣတိဟာသ- ရှေးပညာရှိတို့ဖွဲ့ဆိုသီကုံးကြသည့် ဟိန္ဒူတို့အလေးအမြတ်ပြုသော မဟာဘာရတ စသည့် ကျမ်းစာအတတ်၊
  13. တိကိစ္ဆာ- ဆေးကုအတတ်၊
  14. မာယာ- လှည့်ပတ်ဖြားယောင်းမှုအတတ်၊ မျက်လှည့်အတတ်၊
  15. ဆန္ဒတိ- ဆန်းကျမ်းအတတ်၊
  16. ကေတုဘ- အလင်္ကာကျမ်းအတတ်၊
  17. သဒ္ဒါ- ကာတန္ဒြစသော သဒ္ဒါကျမ်းအတတ်၊
  18. မန္တာ- ဂါထာမန္တန် မန်းမှုတ်အတတ်။ (ပေါရာဏဒီပနီ။)

တစ်နည်း

  1. သုတိ- အကြားအမြင်အတတ်၊ (ဗေဒင်အတတ်)
  2. သမ္မုတိ- ဓမ္မသတ်ဥပဒေအတတ်၊
  3. သင်္ချာ- ဂဏန်းသင်္ချာအတတ်၊
  4. ယောဂါ- တံစဉ်း စူး ဆောက်အတတ်၊ (ရုပ်နှင့်ဇီဝအတတ်၊)
  5. နီတိ- နီတိကျမ်းအတတ်၊
  6. ၀ိသေသကာ- ယာယီယတြာစသော ဗျာကရိုဏ်းကျမ်းအတတ်၊ (ကလာပ် စည်းအတတ်)
  7. ဂန္ဓဗ္ဗာ- စောင်း ငြင်းစသော ကဗျာလင်္ကာအတတ်၊
  8. ဂဏီကာ- လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်၊
  9. ဓနုဗေဒါ- ဒူးလေး လင်းလေးအတတ်၊
  10. ပုရာဏာ- ရှေးဟောင်းနောက်ဖြစ် စကားအတတ်၊
  11. တိကိစ္ဆာ- ဆေးပေး ဆေးကုအတတ်၊
  12. ဣတိဟာသာ- ရယ်ရွှင်မှုအတတ်၊
  13. ဇောတိ- ဟူးရားနက္ခတ်အတတ်၊
  14. မာယာ-လှည့်ပတ်တတ်သောအတတ်၊ (မျက်လှည့်အတတ်)
  15. ဆန္ဒ- ဆန်းကျမ်းအတတ်၊
  16. ကေတု- သံတမန်အတတ်၊
  17. မန္တာ- မန္တန်အတတ်၊ ဂါထာစုတ် အတတ်၊
  18. သဒ္ဒါ- သဒ္ဒါကျမ်းအတတ်၊ ဗျာကရုဏ်းအတတ်၊ (လောကနီတိ)


ရည်ညွှန်းကိုးကား

သက္ကဋ ဗိသဏုပုရာဏ