Monday 24 October 2011

အဆိုအမိန့်များ...

အကြမ်းဖက်မှုရဲ့တရားခံ

All violence consists in some people forcing others, under threat of suffering or death, to do what they do not want to do.
Leo Tolstoy (1828-1910)


အကြမ်းဖက်မှုမှန်သမျှရဲ့ အဓိကတရားခံကတော့ သေဆုံးခြင်း၊ ဆင်းရဲခြင်းဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ သူများမလုပ်ချင်တဲ့အလုပ်မျိုးကို လုပ်လာအောင် ဖိအားပေးတတ်တဲ့ လူတွေပါပဲ။
(တော်လ်စတွိင်း)



စိတ်ရှင်းဖို့

A man cannot be comfortable without his own approval.
Mark Twain (1835-1910)

လူဟာ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို လက်မခံနိုင်ပဲနဲ့ သက်တောင့်သက်သာဖြစ်ဖို့ ခဲရင်းတယ်။
(မာ့ခ်တွိန်း)


သဘာဝတရား

Nature is often hidden, sometimes overcome, seldom extinguished.
Francis Bacon (1561-1626)

သဘာဝတရားဟာ ပုန်းကွယ်နေလေ့ရှိတယ်၊ ရံခါ ထွက်ပေါ်လာတတ်တယ်။ လုံးဝပျောက်ကွယ်သွားတာတော့ မရှိဘူး။
(ဖရန့်စစ်ဘေကွန်)


အရိုးသားဆုံးအခါ

A man is never more truthful than when he acknowledges himself a liar.
Mark Twain (1835-1910)

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို လူလိမ်ပါလို့ ၀န်ခံလိုက်တဲ့အခါထက် ပိုမိုပြီးအမှန်ပြောတာ မရှိတော့ဘူး။
(မာ့ခ်တွိန်း)


ခေတ်ကာလ

There is point beyond which even justice becomes unjust.
Sophocles (496 BC-406 BC)

အမှန်တရား (တရားမျှတမှု) သည်ပင် အမှား (မတရား) ဖြစ်လာရတဲ့ အခါမျိုးတွေ ရှိတတ်သေးတယ်။
(ဆိုဖကော်လ်စ်)


အနိုင်နဲ့ သိက္ခာ

I would prefer even to fail with honor than to win by cheating.
Sophocles (496 BC-406 BC)

ကလိမ်ကကျင့်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။
(ဆိုဖကော်လ်စ်)


စာ စကား

Reading makes a full man;
conference a ready man;
and writing an exact man.
(Francis Bacon (1561-1626))

စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူဖြစ်ရသည်၊
ဆွေးနွေးခြင်းကြောင့် အဆင်သင့်ဆောင်ရွက်နိုင်သူဖြစ်ရသည်၊
စာရေးခြင်းကြောင့် (အချက်အလက်) တိကျသူဖြစ်ရသည်။
(ဖရန့်စစ် ဘေကွန်)


တိုင်းပြည်အတွက်

"Ask not what your country can do for you - Ask what you can do for your country."
(John F. Kennedy)

"သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်သလဲ လို့မမေးပါနဲ့၊ သင်က သင့်တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာသာ မေးပါ"
(သမ္မတ ကနေဒီ)


ကိုယ်ကျင့်တရား

It is a farce to call any being virtuous whose virtues do not result from the exercise of its own reason.
Mary Shelley (1797-1851)

ဆင်ခြင်တုံတရားက ရလာတဲ့ ကိုယ်ကျင့်တရားမျိုးမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကိုယ်ကျင့်တရားကောင်းတယ်လို့ ခေါ်တာဟာ ပျက်လုံးတစ်ခုပါပဲ။
(မေရီ ရှဲလီ)


ရတနာအစစ်

The words that enlighten the soul are more precious than jewels.
Hazrat Inayat Khan

စိတ်ကို အသိဉာဏ်ရစေတဲ့စကားလုံးတွေဟာ ရတနာတွေထက် ပိုတန်ဖိုးရှိတယ်။
(ဟာ့ဇ်ရတ် အိုင်နယတ် ခန်း)


http://kominhtet.blogspot.com/ မှကူးယူမျှဝေပါသည်။

No comments:

Post a Comment